လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်အတွင်း လုပ်ငန်းခွင်ဝင်မည့် အမှုထမ်းများအား ဘာသာရပ်ဆိုင်ရာ သင်တန်းပို့ချ

မြိတ်   အောက်တိုဘာ   ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်အတွင်း လုပ်ငန်းခွင်ဝင်မည့် အမှုထမ်း အသစ်များအား နိုင်ငံ့အကျိုးနှင့် ပြည်သူတို့၏အကျိုးကို  ဉပဒေနှင့်အညီဆောင်ရွက် နိုင်စေရန်အတွက် ဘာသာရပ် ဆိုင်ရာသင်တန်းကို ယနေ့ နံနက်(၉)နာရီက မြိတ်ခရိုင်ဦးစီးမှူး ရုံးတွင် ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာ များ ပို့ချလျက်ရှိသည်။

သင်တန်းတွင် နိုင်ငံဝန်ထမ်းဉပဒေ၊ နည်းဉပဒေဆိုင်ရာဘာသာရပ်၊ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ ဘာသာရပ်၊ (၁၉၄၀)နှင့်(၁၉၄၈) နိုင်ငံခြားသား မှတ်ပုံတင် ရေးဆိုင်ရာ ဉပဒေကောက်နုတ်ချက်၊ ပြည်တွင်းနေ နိုင်ငံခြားသားများ ထိန်းသိမ်းရေးဆိုင်ရာအခြေခံလုပ်ငန်းများ၊ (၁၉၄၇)ခုနှစ် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး(လတ်တလော) ပြဌာန်းချက်များနှင့် နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံအတွင်းနေထိုင်သူ များ မှတ်ပုံတင်ရေးအက်ဉပဒေ၊ နည်းဉပဒေဆိုင်ရာကောက်နုတ်ချက်များ၊  ဉပဒေအရ နိုင်ငံသား ဆိုင်ရာဘာသာရပ်၊ ဉပဒေအရ ဧည့်/ပြု ဆိုင်ရာဘာသာရပ်၊ (၂၀၁၄)သန်းခေါင်စာရင်း ဆိုင်ရာ ဉပဒေနှင့် ပန်းခင်းစီမံချက်ဆိုင်ရာ ဘာသာရပ်စသည့် သင်ခန်းစာများကို ပို့ချသွားမည ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင်  မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးက မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ မိမိတို့ဌာနမှ ကိုင်တွယ်ကျင့်သုံးရမည့် ဉပဒေ၊ နည်းဉပဒေများကို တတ်ကျွမ်း နားလည်မှသာ နိုင်ငံအကျိုးနှင့် ပြည်သူတို့ရဲ့အကျိုးကို ဉပဒေနှင့်အညီ ထမ်းဆောင်နိုင်ကြမှာ ဖြစ်တဲ့အတွက် ဌာနရဲ့ ဉပဒေ၊ နည်းဉပဒေအပြင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေ၊ နည်းဉပဒေကိုပါ သိရှိလိုက်နာဆောင်ရွက်နိုင်စေဖို့ သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း လုပ်ငန်းခွင်ဝင်မည့် အမှုထမ်းများအား ပြောကြားသည်။

အဆိုပါသင်တန်းကို မြိတ်ခရိုင်ရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ရုံးများတွင် အသစ်ခန့်အပ်ခဲ့သည့် အမှုထမ်း (၂၃)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို သင်တန်းနည်းပြ(၈)ဦးမှ အောက်တိုဘာလ(၂၅)ရက်မှ(၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ အမှုထမ်းသစ်များသည် ခရိုင်ရုံးနှင့် မြို့နယ်ရုံးများတွင် လက်ထောက် လဝကမှူး၊ ဒုလက်ထောက်ကွန်ပြုတာလုပ်ဆောင်ရေးမှူး၊ အငယ်တန်းစားရေး၊ အမှုတွဲထိန်း၊ ရုံးအကူ ရာထူးနေရာများတွင် လုပ်ငန်းခွင်ဝင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရ သည်။

ခိုင်ထူး