ကယား အောက်တိုဘာ ၂၅
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၄)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၈၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၁) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၃၁)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၁) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၅)ဦး၊ ဘောလခဲမြို့ တပ်မတော်ဆေးရုံတွင်(၈)ဦး၊ ဘောလခဲ ဆေးရုံတွင်(၂) ဦးနှင့် brought death (၁)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC) များတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင် brought death (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC) များတွင် (၈)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၃၁) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၄၅၃၁) ဦး၊ ဆေးရုံဆင်း လူနာ(၄၀၄၂)ဦးရှိပြီး ယနေ့သေဆုံး လူနာ(၂)ဦးရှိရာ ဘောလခဲနှင့် မယ်စဲ့မြို့နယ်မှ ဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ (၁၈၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၈၀) ဦး၊ Positive Medical Centre များတွင် (၅၁)ဦး ၊ ဖရူဆိုမြို့နယ်တွင်(၃)ဦး၊ ဘောလခဲမြို့နယ်တွင် (၇၄)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၄၉)ဦး၊ မယ်စဲ့မြို့နယ်တွင် (၄၃) ဦးနှင့် မိုးဗြဲဆေးရုံတွင်(၁)ဦး စုစုပေါင်း လူနာ (၃၀၁) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)