လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး/ ထားဝယ်ခရိုင်/ မြို့နယ်ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ် အောက်တိုဘာ ၂၅

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး/ ထားဝယ်ခရိုင်/မြို့နယ် ဝန်ထမ်းများအား ဌာန၏ အက်ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့် လက်တွေ့ လုပ်ငန်းခွင့်၌ ကျွမ်းကျင်စွာဆောင် ရွက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာရက်တိုသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ ကြောင်း သိရသည်။

 

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး၊ ညွန်ကြား ရေးမှူး ဦးယဉ်ထွေးက ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်ဝန်ထမ်းများ အနေဖြင့် ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့်ဥပဒေ ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိထားရန်လိုအပ်ကြောင်း၊ သင်တန်းတွင် တာဝန်ရှိသူများပို့ချပေးလိုက်သော ဘာသာ ရပ်ဆိုင်ရာများကိုသေချာသွာလေ့လာ မှတ်သားထားပြီးသိရှိလိုသည်များကို မေးမြန်းဆွေးနွေးပေးကြရန်နှင့် မိမိတို့၏ သက်ဆိုင်ရာဌာနသို့ ရောက်ရှိပါကမိခင်ဌာန၏လုပ်ငန်းများတွင်အကျိုးရှိစွာ အသုံးချတက်ရန်လိုအပ်ကြောင်း ပြောကြား သည်။

 

သင်တန်းတွင် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ဝန်ထမ်း များအား  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများအကြောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် နည်းအဆင့်ဆင့် ၊ မြန်မာနိုင်ငံသားဥပဒေများ အကြောင်းသိကောင်းစရာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ၊ ညွှန်ကြားချက်များ အကြောင်းစသည့်တို့ကို အောက်တိုဘာ ၂၈ ရက်နေ့အထိစာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေး မည်ဖြစ်ကြောင်းသတင်းရရှိသည်။

                            

                                     

တိုင်းဒေသကြီး(ပြန်/ဆက်)