ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ဆက်လက် ထုတ်ပေးလျက်ရှိ

ပုလော  အောက်တိုဘာလ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)ကို အောက်တိုဘာလ ၂၂ ရက်နေ့မှစ၍ ဘဏ်ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်ထုတ်ပေးလျက်ရှိပြီး၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ အတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန် ချက်များနှင့်အညီ ဆက်လက် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။      

 

ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစား ဝန်ထမ်း ပေါင်း( ၇၁၆ )ဦး ရှိပြီး၊  ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက် များနှင့်အညီ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၊ ထိုသို့ ပင်စင် လစာငွေ လာရောက် ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး  အငြိမ်းစား ဝန်ထမ်းများကို ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်း စည်း(Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆) ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဘဏ်မန်နေဂျာ ဒေါ်လဲ့လဲ့နိုင် က ကြိုတင် မေတ္တာရပ်ခံပန်ကြား ထားကြောင်းသိရသည်။

 

အေးအေးမော် (ပုလော)