ဒေးဒရဲမြို့၌ အသက်(၄၅)နှစ်နှင့်အထက် ရှိသူများနှင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ဒေးဒရဲ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၄၅)နှစ်အထက် ပြည်သူများ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ကရဝိက် ခန်းမဆောင်နှင့် ကျေးရွာများရှိ   ဌာနခွဲများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုယ်အပူချိန်နှင့်သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အသက် (၄၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၃၉၅၀) ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

အေဇာလင်း