ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းမည်

ထီးလင်း  ဩဂုတ် ၁၈

ထီးလင်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူများသွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရင့်နောင်လမ်းကို ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် - ၁၂၇၅၀၀၀၀/- သိန်းဖြင့် လမ်းအရှည် ၅၁၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဩဂုတ် ၁၇ ရက်နေ့တွင် လမ်းတာချဲ့ခြင်းနှင့် မြေပြုပြင်ခြင်း လုပ်ငန်းများကို စက်ယန္တရားဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။