ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ကာကွယ်ဆေးဖြင့် လွမ်းခြုံသော အနာဂတ်ပန်းခင်းများဆီသို့ ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို အလက-ပြည်ကြီးမဏ္ဍိုင်ဆေး ထိုးစုရပ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ ၂၃ ရက်နေ့အထိ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမှုနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများကို မေးမြန်းခဲ့ရာ-
မေး- သမီး အမည် ဘယ်လိုခေါ်သလဲ။
ဖြေ- သမီး အမည်က မအိမ့်ကြယ်စင်ဌေးဖြစ်ပါတယ်။
မေး- သမီးဘယ်အတန်းတက်နေတာလဲ ၊ ဘယ်ကျောင်းမှာ တက်နေတာလဲ ၊ အသက်နဲ့ရေရပ်လိပ်စာ သိပါရစေ
ဖြေ- သမီးက အလက-ပြည်ကြီးမဏ္ဍိုင်ကျောင်း အဋ္ဌမတန်းမှာ ပညာသင်ယူနေပါတယ် အသက်က (၁၄)နှစ်၊ ကွက်သစ်လမ်း၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်မှာ နေပါတယ်။
မေး- သမီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးတဲ့ ရည်ရွယ်ချက်နဲ့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ရင်းတွင်းစကားသံလေး ပြောပြပါလား။
ဖြေ- သမီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အိမ်ကမိသားစုတွေ အားလုံးဆေးထိုးပြီးပါပြီ သမီးတို့ကလည်း ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်၊ ကာကွယ်ဆေးထိုးပြီး ကျောင်းဖွင့်ချိန်မှာ ကျောင်းတက်ရတော့မယ် သူငယ်ချင်းတွေနဲ့အတူ ပြန်ဆုံရမယ် အရမ်းကိုပျော်နေပါတယ် ကျန်းမာ ပျော်ရွှင်စွာနဲ့ ကျောင်းတက်ရဖို့ မျှော်လင့်ပါတယ်၊ ကာကွယ်ဆေး လာရောက်ထိုးနှံဖို့ ပြောလိုပါတယ်။
မေး- သမီး အမည်ဘယ်လိုခေါ်ပါသလဲ။
ဖြေ- သမီး အမည်က မခင်မို့မို့အေးဖြစ်ပါတယ်။
မေး- သမီးတက်ရောက်နေတဲ့အတန်း၊ ဘယ်ကျောင်းမှာ တက်နေတာလဲ၊ အသက်ဘယ်လောက်ရှိလဲ
ဖြေ- သမီးက အဋ္ဌမတန်း အခြေခံပညာ အထက်တန်းကျောင်း ဘုတ်ပြင်းမြို့မှာ ပညာသင်ယူနေ ပါတယ်။ အသက်ကတော့ (၁၄) နှစ်ပါ။
မေး- သမီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရတဲ့ ရည်ရွယ်ချက်နဲ့ ကာကွယ်ဆေး ထိုးနှံပြီးတဲ့ ရင်တွင်း စကားသံလေး သိချင်ပါတယ်။
ဖြေ- ဒီနှစ်ကျောင်းဖွင့်စဉ်က အခန်းတူ သူငယ်ချင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ချိန်က ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ နှစ်ကြိမ် အစစ်ခံရဖူးတယ် တစ်ကြိမ်မှ ပိုးမတွေ့ခဲ့ပါဘူး။ အရမ်းကြောက်ခဲ့တယ် သမီးတို့က ကျောင်းသူ တွေဖြစ်တော့ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ် ဆေးထိုးပြီးရင် ကျောင်းဖွင့်တော့မယ်လို့ သိထားပါတယ် ကျောင်းတက်ရင် သူငယ်ချင်းတွေနှင့်အတူ ဆုံကြရတော့ မှာမို့ ပျော်ပါတယ်။ ဒီနေ့ ကာကွယ်ဆေး မထိုးခင်အချိန်က ကြောက်နေပါတယ် ဆေးထိုးပြီးတော့ ဘာမှမဖြစ်ပါဘူး ခေါင်းလည်း မမူးဘူး ကာကွယ်ဆေး ထိုးထားတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့ကျမယ်လို့ ယုံကြည်လို့ လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်။
မျိုးလွင်(ပြန်/ဆက်)