မင်းတပ် မတ် ၁၃
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ သင်တန်းအမှတ်စဉ် (၁/၂၀၂၀) အခြေခံကွန်ပျူတာသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း၊ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါသင်တန်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ထိုက်သူက သင်တန်းတွင် သင်တန်းသား/သင်တန်းသူများကို အခမဲ့စာတွေ့လက်တွေ့ နှစ်မျိုးလုံးကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်းလက်မှတ်များရရှိပြီးပါက ပြင်ပလုပ်ငန်းခွင်များ၌ ဝင်ရောက် လုပ်ကိုင်ရာတွင် အထောက်အကူပြုစေရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်နှင့် လူငယ် လူရွယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရိစေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးအောင်ထိုက်သူနှင့် သင်တန်းနည်းပြ ဆရာ/မများက သင်တန်း တစ်ခုချင်းစီတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ် ချီးမြှင့်ကြကြောင်း သည်။
အဆိုပါ သင်တန်းတွင် အခြေခံကွန်ပျူတာသင်တန်းကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစတင်၍ အခမဲ့သင်ကြားဖွင့်လှစ်ပေးပြီး အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းကို မတ်လ ၃ ရက်မှ ၁၃ ရက်နေ့အထိ အစိုးရနည်းပညာ အထက်တန်းကျောင်း(မင်းတပ်) မှ သင်တန်းနည်းပြ ဆရာ/မများက သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)