လပွတ္တာ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးသက်မိုးလွင်ဦးဆောင်၍ မြွေဟောက်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို မြွေဟောက်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် ယမန်နေ့နံနက် ၀၉:၀၀နာရီအချိန်ခန့်က ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၆)နှစ်အထက် ကျား(၁)ဦး၊ မ(-)၊ စုစုပေါင်း(၁)ဦး၊ အသက်(၁၈)နှစ်အထက် ကျား(၁၆) ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း(၃၄)ဦးနှင့် မြွေဟောက် ကျေးရွာအုပ်စုတွင် စုစုပေါင်းကျား(၁၇)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း(၃၅)ဦးကို နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်.၁၉ ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယောဧရာ