တောင်တွင်းကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုးစေတီများ၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ထွန်းညှိပူဇော်သူများဖြင့်စည်ကား

တောင်တွင်းကြီး အောက်တိုဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အထင်ကရရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး စေတီများ၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နှင့်သီတင်းကျွတ်လပြည့်‌ ကျော်(၁)နေ့များ ကမြို့ ပေါ်ရပ် ကွက်များမှ ပြည်သူများအနေဖြင့် ယမန်နေ့ ညနေပိုင်းတွင် အထင် ကရဘုရား၊ ပုထိုး၊ စေတီများ၌ ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်စွာပြုလုပ် ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများဖြစ်သည့် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီ ၊အောင်မြင်ဇေယျစေတီတော်ရှိ အရန်စေတီများ၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့သမယ၌ မြို့ပေါ် ရပ်ကွက်နေပြည်သူများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီး တစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ ဘုရားသို့လာရောက်ကြ သော မိဘပြည်သူများက ဘုရား၊ ရေချမ်းအိုးကပ်လှူပူဇော်ခြင်းများအား ပြုလုပ်ဆောင်ရွက်ခြင်းနှင့် အဆိုပါရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများ၌ ဘုရားဖူးလာရောက်သူများနှင့် ဆီမီးထွန်းညှိ ပူဇော်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များ၊ လမ်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဌာနဆိုင်ရာရုံးများ တွင်လည်း ရောင်စုံမီးလုံးများ ထွန်းညှိပူဇော်ခြင်းနှင့် ဆီမီးထွန်းညှိပူဇော်ခြင်းများကိုလည်း ဗုဒ္ဓဘုရားရှင်အား ရည်မှန်းပူဇော်ခြင်းများဖြင့် စည် ကားလျက်ရှိကြောင်း သိရှိရသည်။

 

တောင်တွင်းကြီး