မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၁၈)ရွာတွင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း (၁၉)ခု ဆောင်ရွက်ခဲ့

မုံရွာ  အောက်တိုဘာ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၈)ရွာတွင် ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း (၁၉)ခုဆောင်ရွက် နိုင်ခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ သစ်စိမ့်၊ ရွာသစ်၊ ခတက္ကန်မြောက်၊ တောင်ကြား(ရွာသစ်) ဘူးတောင်းကန်၊ မင်္ဂလာကုန်း၊ ရွာတုံ()  ခတက္ကန်() မြေနှဲ၊  ကျောင်းရွာ၊ ရွာသစ်၊  ပမဲတော၊ အင်တိုင်း၊  ပလ္လင်()  မရိုးတော၊ ရွာထောင်၊ ဆုံကုန်း၊ ကူတောပလ္လင် စသည့် ကျေးရွာ(၁၈)ရွာတွင် ကုန်ထုတ်လမ်း၊  ကျေးလက်ရေ ပေးရေးလုပ်ငန်း၊ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများနှင့် ကွန်ကရစ်ရေမြောင်းတူးဖော်ခြင်း  လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

"မုံရွာမြို့နယ်အတွင်း  ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ  ကျေးရွာပေါင်း(၁၈)ရွာ  စီမံကိန်းလုပ်ငန်း (၁၉)ခု ဆောင်ရွက်ခဲ့ပါတယ်၊ စိုက်ဧက(၁၀၀၀)အကျိုးဖြစ်ထွန်းတဲ့ ကုန်ထုတ်လမ်းတွေ၊ ကျေးလက် ရေရရှိရေး လုပ်ငန်းတွေနဲ့ VDPစီမံကိန်းနဲ့ ဆောင်ရွက်ခဲ့တဲ့  ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ ကျေးလက် နေပြည်သူတွေရဲ့  လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ပြည်ထောင်စု ဘက်ဂျက်၊ တိုင်းဒေသကြီး ဘက်ဂျက်အပြင်  နိုင်ငံ့တော်  ထောက်ပံ့ဘက်ဂျက်ကိုပါ  အသုံးပြုပြီးတော့  ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု  မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့ နယ်ဦးစီးမှူးက ပြောသည်။

ပြီးခဲ့သည့်   ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်အတွင်း  မုံရွာမြို့နယ်အတွင်းရှိ  ကျေးရွာ(၁၈)ရွာတွင် ကျေးရွာအလိုက် လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် သစ်စိမ့်ကျေးရွာတွင် စိုက်ဧက (၁၀၀၀)ကျော် အကျိုးဖြစ်ထွန်းသည့်  ကုန်ထုတ်လမ်းကို လည်းကောင်း၊ ရွာသစ်၊  ခတက္ကန်မြောက်၊  တောင်ကြား(ရွာသစ်) ဘူးတောင်းကန် ကျေးရွာတို့တွင်  ရေရရှိရေး လုပ်ငန်းများကိုလည်း မင်္ဂလာကုန်း၊ ရွာတုံ() ခတက္ကန်()၊ မြေနှဲ၊ ကျောင်းရွာ၊ ရွာသစ်၊ ပမဲတော၊ အင်တိုင်း၊ ပလ္လင်() မရိုးတော အစရှိသည့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ရွာထောင်၊ ဆုံကုန်း ကျေးရွာတွင်  ကျေးရွာတွင်း  ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊  ကူတောပလ္လင်ကျေးရွာတွင် ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်း လုပ်ငန်းနှင့်  ကွန်ကရစ် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းကိုလည်းကောင်း ဆောင်ရွက် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

မုံရွာမြို့နယ်သည်  ရပ်ကွက်(၃၁)ရပ်ကွက်၊   ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ကျေးရွာ(၁၉၁)ရွာရှိပြီး ကျေးလက် ဒေသများ  ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို  ပြည်ထောင်စုဘတ်ဂျက်၊  တိုင်းဒေသကြီး ဘတ်ဂျက်၊  မွမ်းမံဘတ်ဂျက်၊ နိုင်ငံတော် အထောက်အပံ့ ဘတ်ဂျက်များဖြင့်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(ထိန်လင်း-မုံရွာ)