ငပုတောမြို့နယ် ၌စုပေါင်းသန့်ရှင်းရေးပြုလုပ်

ငပုတော အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်အတွင်း ဉပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ငပုတော​မြို့​ ရွှေ​မြင်းတင်ဘုရားဝင်းအတွင်းတွင် နေ့ နံနက်​(၉)နာရီ အချိန်က ပြုလုပ်၍ အပတ်စဉ် သောကြာနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းယုမော်