ကသာ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်း ကျောင်းများမှ ကျောင်းသား/သူများအား ယနေ့ နံနက် ၈ နာရီ အချိန်မှစ၍ ကသာမြို့အ.ထ.က(၁)ကျောင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ပထမအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာအလယ် တန်းကျောင်း၊ အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံပေးပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းများကိုလည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကသာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၅၀၀)ကျော် ထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလ (၁၉)ရက်နေ့၌ ကာကွယ်ဆေး ပထမနေ့အဖြစ် ထိုးနှံခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၈၂၄)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ခရိုင်(ပြန်/ဆက်)