ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) စတင်ထိုးနှံပေးလျက်ရှိ

ပန်းတောင်း အောက်တိုဘာ ၂၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ပန်း​တောင်းမြို့နယ် အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများနှင့် (၅၅)နှစ်နှင့်အထက် ပြည်သူများအား ယနေ့ နံနက် ၉ နာရီအချိန်တွင် ဇရပ်လှဓမ္မာရုံနှင့် ဆေးထိုးစုရပ် (၇)ခုတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို အသက်  ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ အုပ်စုများအပြင် စေတနာ့ပရဟိတအဖွဲ့၊ ဘုန်းတော်ကြီးများနှင့် သာသနာ့ ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်/တည်းခိုခန်း၊ အစားအသောက် ဝန်ဆောင်မှု ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု  ဝန်ထမ်းများ၊ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှု လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံတကာ ဝင်ထွက်ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းများမှ ဝန်ထမ်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်း/ ကုန်ပစ္စည်း သိုလ်လှောင်ရေးလုပ်ငန်း လုပ်ဆောင်သူ၊ အခြားလာရောက် ထိုးနှံသူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူ၊ စားသောက်ဆိုင်များမှ ဝန်ထမ်းများ၊ ရွှေ့ပြောင်းလူအုပ်စုနှင့် ယာယီ စခန်းများမှ ပြည်သူများ၊ မှီခိုသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ ရှိသူများအား ထိုးနှံ ပေးလျက်ရှိကြောင်း ​မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ ​ မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာသန်းထိုက်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကာ စာရင်းပြုစုခြင်း၊ စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)