ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆင်ပေါင်ဝဲ အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေး များလည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် မြို့နယ်အတွင်းရှိ စုရပ်(၆)နေရာလုံး၌ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိပြီး မွှန်းညောင်ပင်သာ  ကျေးရွာအုပ်စု၊   မွှန်းညောင်ပင်သာကျေးရွာ   တိုက်နယ်ဆေးရုံ အတွင်း၌  ထိုးနှံပေး လျက်ရှိကြောင်း ဆေးထိုးလာရောက်သူများ အဆင်ပြေစေရေးအတွက် မြို့နယ်ဆေးထိုးကြီးကြပ်အဖွဲ့များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပရဟိတအဖွဲ့များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ချိုချိုဝင်း