အထက်မင်းလှ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မင်းလှမြို့နယ်အတွင်း သတ်မှတ်ဆေးထိုးစုရပ် ၈ နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
မင်းလှမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အထကခွဲ ၁၆ ကျောင်း၊ အလက ၃၇ ကျောင်း၊ အလကခွဲ ၂၁ ကျောင်း၊ မူလွန်ကျောင်း ၃၂ ကျောင်း၊ ဘုန်းတော်ကြီး ပညာသင် မူလွန်ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၁၁၇ ကျောင်းရှိ အသက် ၁၂ နှစ်အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၃၄၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၅၅၉၄ စုစုပေါင်း ၆၉၄၀ ဦးအား အောက်တိုဘာ ၁၇ ရက်နေ့ မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသ ၄၁၈၂ ဦးရှိပြီး ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသား/ကျောင်းသူ များအား သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)