ဇီးကုန်းမြို့နယ် မြို့မဈေးကြီးမှ ဈေးသားဈေးသူများအား ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေးပေး

ဇီးကုန်း     အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် ဇီးကုန်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးမှ ဈေးသူဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့ နံနက် ၈ နာရီက RTD Test ဖြင့် မြို့မဈေး တာဝန်ခံရုံး၌ အခမဲ့စစ်ဆေးပေးခဲ့သည်။

ထိုသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမျ ကျန်းမာရေးဝန်ထမ်းများက ဈေးသူဈေးသား (၁၅၀)ဦးအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို စစ်ဆေးပေးရာ၌ ပိုးတွေ့ရှိမှုမရှိဘဲ  (all negative)  ဖြစ်ကြောင်းနှင့်   မြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဈေးအကျိုးတော်ဆောင် ကောင်မတီဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)