မြန်အောင် ဩဂုတ် ၁၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ မြန်အောင်မြို့နယ် လူမှုဖူလုံရေး ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို ယနေ့နံနက်က ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေ နှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်များကို မြန်အောင်မြို့ ဗီးရှင်းဖန်း(ဒ်)မြန်မာကုမ္ပဏီ လီမိတက်မှ အာမခံ အလုပ်သမား (၂၂)ဦးအတွက် အကျိုးခံစားခွင့်ငွေ(၄၀)% (၂၂၈၈၀၀၀.၀၀)ကျပ်နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ အာမခံအလုပ်သမား ဦးအေးကြည်၏ နှလုံးခွဲစိတ် ကုသခြင်းအတွက် ဆေးဖိုးပြန်အမ်းငွေ (၁၆၀၆၃၅၀.၀၀)ကျပ် စုစုပေါင်း (၃၈၉၄၃၅၀.၀၀)ကျပ်အား မြို့နယ် လူမှုဖူလုံရေး ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မျိုးစန်းမှ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်၊ မြန်အောင် (ပြန်/ဆက်)