ကသာ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်း ကျောင်းများမှ ကျောင်းသား/သူ များအား ယနေ့ နံနက်(၈)နာရီ အချိန်မှစ၍ ကသာမြို့အ.ထ.က(၁) ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာအလယ် တန်းကျောင်း၊ အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကာကွယ်ဆေးများ ထိုးနှံပေးပြီး ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို လည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုး အုပ်စု များခွဲကာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကသာမြို့နယ်အတွင်း ယခုနှစ်ကျောင်း ဖွင့်လှစ် သည့် အခြေခံပညာ အထက်တန်းကျောင်း(၁၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၂)ကျောင်း၊ အလယ်တန်းကျောင်း(၁၅)ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ(၁၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းတို့တွင် တက်ရောက် ပညာသင်ယူသည့် ကျောင်းသား၊ ကျောင်းသူပေါင်း(၃၅၀၀)ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရ သည်။
ခရိုင်(ပြန်/ဆက်)