ဖျာပုံ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်း စီမံချက်ဖြင့်ကျေးရွာများအရောက်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက ဖျာပုံမြို့နယ် ကျုံတာရှမ်းကွင်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးဇော်လွင်က ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျုံတာရှမ်းကွင်းကျေးရွာပြည်သူများအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီးထုတ်ပေးနိုင်ရေး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကျုံတာရှမ်းကွင်းကျေးရွာရှိ အသက်(၁၀) နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ်ပြည်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြမရှိသူများ၊ မှတ်ပုံတင် အသစ်လဲလှယ်ခြင်းများကိုပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဦးရေ(၁၄၅)ဦးနှင့် အိမ်ထောင်စု စာရင်း မရှိသူ(၂၅) အိမ်ထောင်စုအား အိမ်ထောင်စုအသစ် ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြ ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်