မကွေး အောက်တိုဘာ ၁၈
ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့် အလမ်းများရရှိလာစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာ စေရေးအတွက် မကွေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အောက်တိုဘာလ (၁၇)ရက်နေ့မှ စတင်၍ သတ်မှတ်စုရပ် ကျောင်းများ အလိုက် ထိုးနှံပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့နံနက် (၉)နာရီအချိန်က မကွေးမြို့ အ.ထ.က (၁)ကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံပေးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မကွေးမြို့ အ.ထ.က(၁)ကျောင်းတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးရာ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့များ၊ ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ရင်းရင်းနှီးတွေ့ဆုံ၍ နိုင်ငံတော်အစိုးရမှ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများ အနေဖြင့်လည်း မိမိတို့သား သမီးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက တိုင်းဒေသကြီး အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံရာတွင် အခက်အခဲမရှိစေရေး ပြင်ဆင် ဆောင်ရွက်ထာရှိးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးရန် လာရောက်သည့် ကျောင်းသား/သူများအား ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုဝန်ထမ်းနှင့်ဘေးစီမံဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်းအဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းနှင့် သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေမထိုးမီ ကျောင်းသား/သူ မိဘအုပ်ထိန်း သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍ ကြိုတင်အသိ ပညာပေးခြင်းများ ဆောင်ရွက်ကာ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်လက်မှတ် ရရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့်အရေး ပေါ်ကျန်းမာရေးစောင့်ရှောက်မူများအတွက်လည်း ကြိုတင်စီစဉ် ဆောင် ရွက်ထားရှိကြောင်း သိရသည်။
မကွေးမြို့နယ်အနေဖြင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စုရပ်နေရာ(၁၅)နေရာဖြင့် ကိုဗစ်-၁၉ကာကွယ် ဆေးထိုးခြင်း အား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမည့် အသက်(၁၂)အထက် ကျောင်းသား/သူး ဦးရေအနေဖြင့် စုစုပေါင်း ကျောင်းသား/သူဦးရေ (၆၅၁၁)ဦးရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)