ပိုင်ကျုံမြို့၌ အထကျောင်းတွင် အသက်(၁၂)နှစ်ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပိုင်ကျုံ   အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါ အမြန်ကာကွယ်  ထိန်းချုပ် နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ    ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍  အသက် (၁၂) နှစ်အထက်    ကျောင်းသားကျောင်းသူများအား    ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

         

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်   ပိုင်ကျုံမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်း များဖြစ်သည့်  အထက်တန်းကျောင်း၊  အထက(ခွဲ)ကျောင်း၊  အလကကျောင်း၊  အလက(ခွဲ)ကျောင်းနှင့်   မူ (လွန်)ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့်အသက်(၁၂)နှစ်အထက်  ကျောင်း သား ကျောင်းသူများအား ကျန်းမာပျော်ရွှင်ပြီး  စိတ်အေးချမ်းသာစွာ  ပညာသင်ကြားနိုင်ရေးနှင့်   လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာ လ(၁၇)ရက်နေ့တွင်ကျောင်းသား၊ ကျောင်းသူဦးရေ(၃၀၆)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုး ရန်ကျန်ရှိနေသေးသည့် ကျောင်းသားကျောင်းသူများကိုလည်းအောက်တိုဘာလ(၂၁)ရက်နေ့အထိ ဆက်လက်ထိုးနှံပေး သွား မည်ဖြစ်ကြောင်းသိရှိရသည်။

 

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ   ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက    ကာကွယ်ဆေး လာ ရောက် ထိုးနှံမည့်သူများအား ဆေးမထိုးခင်ကိုယ် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းများ စစ်ဆေးဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေ ရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

         

ပိုင်ကျုံ (ပြန်/ဆက်)