ဟင်္သာတမြို့နယ်တွင်  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေးနေ

ဟင်္သာတ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ  ယမန်နေ့ နံနက် (၉)နာရီက ဟင်္သာတမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု ပြည့်စင်ကုန်းကျေးရွာရှိ (အမက) ပြည့်စင်ကုန်းကျောင်း စုရပ်တွင် ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား ကွင်းဆင်း  ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်၊ လဝကမှူး ဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် အသက် ၁၆ နှစ်အထက် နိုင်ငံသားစီစစ်ရေး ကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူများအား လည်းကောင်း ၊ အသက် ၁၀နှစ်ပြည့်မှ ၁၈ နှစ်ပြည့် လဲလှယ်သူများ၊ နိုင်ငံသားစီစစ်ရေးကတ် ပျောက်ဆုံးပျက်စီးသူများ အားလည်းကောင်း ကျေးရွာပြည်သူများထံ အရောက်  ကျား (၇၅)ဦး ၊ မ (၉၈)ဦး စုစုပေါင်း လူဦးရေ(၁၇၃)ဦး တို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ နှင့် နှာခေါင်းစည်း Mask များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း မြို့နယ်လူဝန်မူ ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ သိရသည်။

ကိုဇော်