ဘုတ်ပြင်းမြို့ အလယ်မန်ကျေးရွာတွင် WY မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ကော့သောင်း သြဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာ ရွာဟောင်းလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ ဘုတ်ပြင်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိအဖွဲ့များသည် ယမန်နေ့မွန်းလွဲပိုင်းက စောင့်ဆိုင်းနေစဉ် ရွာလမ်း အတိုင်းလမ်းလျှောက်လာသည့် အောင်နိုင်ဝင်း (ခ) မတ်ရှင်နှင့် အောင်နိုင်တူး (ခ) မတ်ဂျားလာတို့နှစ်ဦး အားစစ်ဆေးရာ အောင်နိုင်တူး(ခ)မတ်ဂျားလာ၏ ကျောပိုးအိတ်အတွင်းမှ WY ဆေးပြား (၁၆၈၂၈)ပြားအား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ အောင်နိုင်ဝင်း (ခ) မတ်ရှင်နှင့် အောင်နိုင်တူး (ခ) မတ်ဂျားလာတို့နှစ်ဦးအား ဘုတ်ပြင်းမြို့မရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)