မိုးသက်လေပြင်း တိုက်ခတ်၍ နေအိမ် (၄) လုံး ပြိုကျပျက်စီးခဲ့သော လေဘေးသင့် အိမ်ထောင်စုများ အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့

ရေကြည်   ဩဂုတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ၊ တောဖျားကျေးရွာ၊ ရှော်ဖြူချောင်ကျေးရွာတို့တွင် (၁၄-၈-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ/ပျက်စီး နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ကျပ် (၄၀၀၀၀ဝိ/-) အမိုးလန်ပျက်စီးနေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၄၀၀၀ဝိ/-)၊ စုစုပေါင်း လူဦးရေ (၆၁) ဦးအတွက် (၇) ရက်စာရန်ပုံငွေ (၁၂၈၁၀ဝိ/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆၈၁၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၄) အိမ်ထောင်စာ (၁၃၉၀၁၂/) အား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ခြင်းကို ယမန်နေ့ညနေ (၅) နာရီအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါကျေးရွာများသို့ သွားရောက် ကာ လေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)