မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာတွင် ဓါးဖြင့်ခုတ်သူအားဖမ်းဆီး အရေးယူ

ထားဝယ်၊ ဩဂုတ် ၁၈ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာနေ ဦး---သည် နေအိမ်၌ရှိနေစဉ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် နေအိမ်ရှေ့ လက်ဖက်ရည်ဆိုင်ရှိ ကို---မှ ဦး----၏ဇနီး ဒေါ်---အား ကန်သာယာကျေးရွာ ရေကန်ဘောင်အနီးတွင် တစ်ရွာတည်းနေ မင်းမြတ်ဦး(ခ)ပလုံးမှ ဓါးနှင့်လိုက်ခုတ်နေကြောင်း အော်ပြောသဖြင့် ရေကန်ဘောင်သို့သွားရောက်ခဲ့ရာ ဇနီးဖြစ်သူ စီးနင်းသည့်ဆိုင်ကယ်မှာ လဲကျနေပြီး ဆိုင်ကယ်အနီးတွင် ဒေါ်---မှာ လည်းပင်းပြတ်ရှဒဏ်ရာနှင့်သွေးများထွက်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။ 

ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာ သေဆုံးသူ ဒေါ်--- သည် ၄င်းနေ့ ညနေ ၅ နာရီခွဲအချိန် နေအိမ်တွင် ဥပုဒ်ဆွမ်းကပ်ရန်အတွက် ၄င်း၏ ဆိုင်ကယ်ဖြင့် ကျေးရွာအတွင်း အလှူလိုက်ဖိတ်စဉ် မင်းမြတ်ဦး(ခ)ပလုံး နေအိမ်ရှေ့အရောက်တွင် ၎င်းမှဘာမှပြောဆိုခြင်းမရှိဘဲ  ဆိုင်ကယ်ရှေ့မှ ဒေါ်---အား ဓါးဦးကောက်ဓါးရှည်(တောခုတ်ဓါး)ဖြင့်ခုတ်ခဲ့ကြောင်း ပတ်ဝန်းကျင်ရှိလူများ၏ပြောပြချက်အရသိရှိရကြောင်း၊ မင်းမြတ်ဦး(ခ)ပလုံးမှသည် လွန်ခဲ့သော (၄)နှစ်ခန့်က ဦး----------အား မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု မဟုတ်မမှန်ပြောဆိုသောကြောင့် တုတ်ဖြင့်ရိုက်ခဲ့သည်ကို မကျေနပ်၍ ဦး----၏ ဇနီး ဒေါ်---အား ဓါးဖြင့်ခုတ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်းမြတ်ဦး(ခ)ပလုံးအား  မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။ 

ရဲပြန်ကြား