ချောက် အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် အောက်တိုဘာ၁၇ရက်နေ့ မှစ၍ကိုဗစ်-၁၉ရာဂါ ကာကွယ်ဆေး(Sinopharm)ကို အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား/သူများ စတင်ထိုးနှံပြီး ဆေး ထိုးပေးဖို့ သက်ဆိုင်ရာ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပညာရေးဌာနတို့မှ ကျောင်းအုပ်ကြီးများနဲ့ပူးပေါင်းပြီး သတ်မှတ် ဆေးထိုးစု ရပ် (၁၈)နေရာမှာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရာဂါ ကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီကျောင်းများ ပြန်လည်ဖွင့်လှစ်ပါကပညာသင်ခွင့် အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း၊ ဆေးထိုးပေးနေမှုတွင်ကျောင်းသား/သူ မိဘအုပ်ထိန်းသူများ၊ ဆေးထိုးစုရပ်တာဝန်ကျ ကျောင်းအုပ်ဆရာကြီး ၊ဆရာ၊ဆရာမတို့မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြ၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုအဖွဲ့တို့က ဆေးထိုးနှံနေမှုအပေါ် သက်ဆိုင်ရာဆေးထိုးစုရပ်အသီးသီးတို့တွင် ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အနေနှင့် အသက်(၁၂)နှစ်နှင့် အထက်ကျောင်သား/သူဦးရေ စုစုပေါင်း(၁၉၁၁)ဦးရှိတဲ့ အပေါ် မှာ အောက်တိုဘာလ၁၇ရက်နေ့က အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူ၄၂၃ ဦးထိုးပေးပြီးဖြစ် ကြောင်း၊ ကျန်ရှိနေသောသူများလည်း ကာကွယ်ဆေး ဆက်လက်ထိုးပေးမှာဖြစ်သည်၊ ဒီအပေါ်မှာ အသက်(၁၂) ပြည့် ပြီး တော့မှဆေးထိုးလိုတဲ့ ကလေးငယ်များရှိပါက ဆေးထိုးပေးဖို့ သက်ဆိုင်ရာ မြို့နယပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ လျာထားပေးပြီးဖြစ်ကြောင်းလည်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)