အခြေခံပညာအထက်တန်း ၊ အလယ်တန်း ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းဆိုင်ရာများ အသိပေးဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်   အောက်တိုဘာလ    ၁၈ 

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ပြည်ကြီးမဏ္ဍိုင် မြို့စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ(၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာ ချက်များကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

 

ကာကွယ်ဆေးထိုးနှံမည်အစီအစဉ်တွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသားကျောင်းသူများအနေဖြင့် အထက်တန်း၊အလယ်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံ ထားရှိပြီးသူများ၊ ဆေးလာရောက်ထိုးနှံရာတွင် မိဘအုပ်ထိန်းသူများ လိုက်ပါရန်၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မှတ်ပုံတင်ရှိပါကယူဆောင်လာရမည်၊မွေးသက္ကရာဇ် အမှန်ဖော်ပြနိုင် ရေး အတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးမှ ထောက်ခံချက် များနှင့်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်အချက်အလက်များအား တစ်ပါတည်း ယူဆောင်၍ ဆေးထိုးနှံရမည် ဖြစ်ကြောင်းသိရသည်။

 

ဘုတ်ပြင်းမြို့နယ်၊​​ပြည်ကြီးမဏ္ဍိုငမြို့နယ်မြေအတွင်း အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ် အတွင်း အခြေခံပညာ အထက်တန်း၊အလယ်တန်းကျောင်းသား ကျောင်းသူများအား ဆေးထိုးခြင်း ဆောင်ရွက်သွား မှာဖြစ်ပြီး ဆေးထိုးအဖွဲ့(၄)ဖွဲ့ဖြင့် သက်ဆိုင်ရာဆေးထိုးစုရပ် (၂၂)ခု တွင် ပထမအကြိမ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ဒုတိယပတ် မှ နိုဝင်ဘာလ ပထမပတ်အတွင်း နှင့် ဒုတိယအကြိမ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာလဒုတိယပတ် မှ ဒီဇင်ဘာလ ပထမပတ် အတွင်း ဆေးထိုးနှံခြင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာ်မတီမှ သိရှိရသည်။

 

မျိုးလွင်