ကော့သောင်းမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ထားဝယ် ဩဂုတ် ၁၇


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်သက်နိုင်စိုး ဦးစီးအဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ရွှေဟင်္သာရပ်ကွက် ရွာမ (၁) လမ်းနေ ခင်ဇော်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ခင်ဇော်နှင့်ထွန်းလင်းနိုင်တို့နှစ်ဦးအား တွေ့ရှိရပြီး အိပ်ခန်းအတွင်းကြမ်းပြင်အောက်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၇ ပြား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းတို့နှစ်ဦးအား ကော့သောင်းမြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်းစဉ်