ရွှေဘို ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာတွင် အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ဆင်အင်းကျေးရွာရှိ အသက်(၅)နှစ် နှင့် (၅)နှစ်အောက် ကလေးများကို ယနေ့ နံနက်ပိုင်းတွင် စတင်တိုက်ကျွေးခြင်း ဖြစ်ပြီး ကလေးငယ် များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ထက်မြက်စေရန်နှင့် ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု အားကောင်းစေရန် ရည်ရွယ်၍ တိုက်ကျွေး ခြင်း ဖြစ်ကြောင်း၊ အသက်ငါးနှစ်အောက် ကလေး ငယ်များကို ခြောက်လတစ်ကြိမ် ဗီတာမင်အေနှင့် သန်ချဆေး ပုံမှန်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ဇင်ပိုင်မှူး (ကျောက်မြောင်း)