အသက် ၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအပါ် ပြည်သူ တို့၏ ရင်တွင်းစကားသံများ

ဒေးဒရဲ အောက်တိုဘာ ၁၇

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်  ယနေ့ နံနက်(၉:၀၀) နာရီကစတင်ပြီး အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး လာရောက် ထိုးနှံ သည့် ကျောင်းသူတစ်ဦး၏ ရင်တွင်း စကားသံကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်။

သမီးနာမည်က မယဉ်လင်းအိမ့်ပါ ဒသမတန်း ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သမီးကာကွယ်ဆေးကို ကိုယ့်ရဲ့အသိ စိတ်ဓာတ်နဲ့လာထိုးဖြစ်တာပါ။ သမီးတို့ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းမတက်ခဲ့ရဘူး ဒီရောဂါကလည်း အလွယ်တကူကူးစက်နိုင်တဲ့အခါကျတော့ သမီးတို့ အခုကာကွယ်ဆေးတွေ ထိုးပြီးရင် ကျောင်းတွေ ပြန်တက် ရတော့မှာမို့ အတိုင်းမသိပျော်ပါတယ်။      ဆေးထိုးတာနာကျင်မှုလည်း မခံစားရလို့ သူငယ်ချင်းတွေကို လာရောက် ထိုးနှံကြဖို့ ဖိတ်ခေါ် ချင် ပါတယ်။ဒီကိုဗစ်-ရောဂါ ကူးစက်မှု မခံရအောင် ကာကွယ်ဆေးထိုးပြီး သူငယ်ချင်းတွေနဲ့ အတူ ကျောင်းတက် ခွင့်ရတော့မှမို့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါသည်။

ဆက်လက်ပြီး ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးတင်ထွဋ် ဗိုလ်ချုပ်လမ်းနေ ကျောင်းအ ကျိုး တော်ဆောင်က အခုလို ပြောကြားခဲ့ပါသည်။ ယခုလိုနိုင်ငံတော်ကကျောင်းသူသားတွေကို ကိုဗစ်-ရောဂါ ကာကွယ်ဆေး ထိုးပေးတာ အများကြီး ကောင်းမွန်ပါတယ်။ ကိုဗစ်၁၉ရောဂါ  ကြောင့် ကျွန်တော်တို့ကလေးတွေ ကျောင်းတွေပိတ်ထားရတာ အများကြီး နစ်နာပါတယ် ကိုဗစ် ၁၉ ရောဂါ   ကာကွယ်ဆေးထိုးလိုက် ခြင်းအားဖြင့်ကျောင်းသူ၊ကျောင်းသားတွေနဲ့ မိသားစုတွေရဲ့ကျန်းမာရေး လုံခြုံသွားပြီး ပညာသင်ကြားရေးမှာ အခက်အခဲ မရှိတော့ဘူးလို့ထင်ပါတယ် ။ဒါကြောင့် မို့ ကိုဗစ် ၁၉ရောဂါ ထိုးပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ ကျန်မာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။

အဆိုပါ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးကို ထိုးပေး သွားမည် ဖြစ်ကြောင်းသိရပါတယ်။

အေဇာလင်း