ပေါင်းတည် သြဂုတ် ၁၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေးနှင့် ကျန်ရှိမှုမရှိ စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း အသိပညာပေးခြင်းနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေး နိုင်ရန်အတွက် ကွင်းဆင်းစိစစ်ခြင်းကို ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်တိုင် ရာရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် (၉) နာရီက အုပ်ဖို(၁)ရပ်ကွက် ရှမ်းစုလမ်းရှိအတွင်း လမ်းအပိုင်းသို့ မြို့နယ်မှ တာဝန်ရှိသူများက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ အဖွဲ့ဝင် ဒုတိယ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန့်ဇင်ထွန်းနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမိုးလှိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက အုပ်ဖို(၁)ရပ်ကွက်ရှိ မဲဆန္ဒရှင် စာရင်းတွင် ပါဝင်မှုရှိ/မရှိ စိစစ်ခြင်း၊ မဲစာရင်းတွင်ပါရှိသည့် အချက်အလက်များ မှန်ကန်မှုရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်းတို့ကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး လိုအပ်ချက် များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
“ပေါင်းတည်မြို့နယ်အတွင်းမှာ မဲဆန္ဒရှင် စာရင်းတိုက်ဆိုင်စစ်ဆေးတာနဲ့ အသိပညာပေး ဆောင်ရွက်မှုတွေကို ဩဂုတ်လ ပထမပတ်မှ စတင်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ ဆောင်ရွက်မှုများတွင်လည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ပူးပေါင်းပြီး အဖွဲ့များခွဲကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ လမ်းအလိုက် အိမ်အလိုက် ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ပြောကြားသည်။
တင်ဝင်းဇော် (မင်းသားကြီး)