ကိုဗစ်-၁၉ လူနာများအတွက် အောက်စီဂျင်ပိုက်လိုင်း သွယ်တန်းရန် အလှူငွေများ ပေးအပ်လှူဒါန်း

ကြို့ပင်ကောက် အောက်တိုဘ ၁၇

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ကိုဗစ်-၁၉ အရေးပေါ်လူနာများ ထားရှိကုသပေးနေသော မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် အောက်စီဂျင်ပိုက်လိုင်းသွယ်တန်းရန် အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ကြို့ပင်ကောက်မြို့နယ်အသင်း (ရန်ကုန်)မှ လှူဒါန်းသော အလှူငွေကျပ် သိန်း ၄၀ နှင့် ဦးထွန်းလွင် ဒေါ်လဲ့လဲ့(ရွှေသမင်ဆေးတိုက်)မိသားစုတို့မှ လှူဒါန်းသော အလှူငွေကျပ် သိန်း ၂၀ တို့အား ကြို့ပင်ကောက်မြို့နယ်အသင်း နာယကဦးတင်ဦးမှ ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၁၀၁) ဦးတွေ့ရှိခဲ့ပြီး ကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်ခွင့်ရရှိသူ (၉၉၅)ဦးရှိကြောင်း ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ကုသရေးစင်တာ သံဃာဆောင်တွင် ဆေးကုသမှုခံယူနေသောလူနာ (၁၆) ဦးရှိကြောင်း ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံခဲ့သူ (၉၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း