ဖလမ်း အောက်တိုဘာ ၁၆
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ သံသယလူနာများအား နေ့စဉ်စစ်ဆေး ပေးလျက်ရှိရာ ယနေ့တွင် သံသယလူနာ(၁)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
ဖလမ်းမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရသူများအား ပြည်သူ့ဆေးရုံ Isolation Ward တွင်ထားရှိဆေးကုသပေးလျက်ရာ ဆေးကုသမှုခံယူနေဆဲ လူနာ(၆)ဦးရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံမှသိရသည်။
ကိုရှိန်း