ပွင့်ဖြူ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်း(၉)မျိုး ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပသည်။
စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်း(၉)မျိုးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းများ ဖြစ်ကြသည့် သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့မှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)