ညောင်တုန်းမြို့နယ်တွင် အသက် (၁၂) နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ကွင်းဆင်းစစ်ဆေး

ညောင်တုန်း အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထား‌သော ဆေးထိုးစုရပ်(၉)ခုဖြစ်သည့် အ.ထ.က(၂)၊ အထက(ခွဲ)မြို့မ၊ အ.ထ.က (ဆားမလောက်)၊ အ.ထ.က(မဲဇလီ)၊ အ.ထ.က(ချောင်းကြီး)၊ အ.ထ.က(စက္ကော့)၊ အ.ထ.က(အင်းမ)၊ အ.ထ.က (သပြေချောင်း)နှင့် အ.ထ.က(ထိပ်ဝကြီး-ရှမ်းစု)တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ညောင်တုန်းမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကာကွယ်ဆေး ထိုးနှံနိုင်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၈၆၆) ဦးရှိပြီး ဆေးထိုးစုရပ်(၉)ခုတွင် ဆေးထိုးအဖွဲ့ (၉)ဖွဲ့ဖြင့် စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)