ဝါးခယ်မမြို့နယ် ကျွန်းဒိတ်ကျေးရွာအုပ်စု၌‌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ    အောက်တိုဘာ    ၁

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် () နာရီက ကျွန်းဒိတ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကျွန်းဒိတ်ကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၃၅)ဦး၊ အသက် (၁၈) နှစ်ပြည့် (၁၃)ဦး၊ လဲလှယ်(၇)ဦး ၊ မိတ္တူ(၈)ဦး၊ စုစုပေါင်(၆၃)ဦးနှင့် ပြောင်းရွှေ့ အိမ်ထောင်စု (၁) ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)