တောင်ငူ၌ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ (၃-က)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ဖြင့် လျှောက်ထားလာမှုများအား စတင်ပြင်ဆင်ပေးလျက်ရှိ

တောင်ငူ သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ ပုံစံ (၃-က) ၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားလာမှုများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ မဲစာရင်းတွင် မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၇ ရက်နေ့က စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ တင်ပြ လျှောက်ထားလာသော အမည်စာရင်း ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၂၅၇၇)ဦး၊ ပုံစံ (၃-က) တောင်းဆိုသူ (၂၆) ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသည့် ကန့်ကွက် လွှာ ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၁၀၁၉)ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသည့်ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ (၁၃၃၃)ဦးရှိရာ မဲစာရင်း တွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)