ကျုံပျော် သြဂုတ် ၁၈
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ ဈေးရောင်းဝယ် ကြသူများတွင် Mask များတပ်ဆင်မှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးတာဝန်ရှိသူများ ပူးပေါင်း၍ ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများတွင် Mask များတပ်ဆင် ရောင်းဝယ်မှု ရှိ မရှိကို လှည့်လည်စစ်ဆေးခဲ့ကြသည်။
ဈေးသည် လူစုလူဝေး နေ့စဉ်များပြားသည့် နေရာဖြစ်သည့်အတွက် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် ယခုကဲ့သို့ စစ်ဆေးမှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဈေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက် များကိုလည်း လိုက်နာကြရန် အသိပညာပေးခြင်း၊ Mask များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာချိတ်ဆွဲခြင်း၊ လက်ဆေးဘေစင်များ ဆောင်ရွက် ပေးထားခြင်းအပြင် သားငါးတန်းများအတွင်း ရေဆေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)