တွန်းဇံ အောက်တိုဘာ ၁၅
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက်ရှိသူ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မည့် စာရင်းကို မြို့နယ်ပညာရေးမှူးရုံး၌ အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ စာရင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို တွန်းဇံမြို့နှင့် ကျီခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်သူ စုစုပေါင်း (၁၁၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။