ပင်လည်ဘူးမြို့၌ မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးရေး အသိ​ပေးရှင်းလင်းပွဲကျင်းပ

ပင်လည်းဘူး သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် တရားမဝင်မူးယစ်ဆေးသုံးစွဲမှု၊ သေဆုံးမှု၊ ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ၏ နောက်ဆက်တွဲ အန္တရာယ်များလျော့ကျစေရန် မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးရေး အသိပေးရှင်းလင်းပွဲနှင့် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မိချောင်းအင်းကျေးရွာ တိုက်နယ်ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး  ပင်လည်ဘူးမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်နှင့် မုံရွာမြို့မှစိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ဒေါက်တာပြည့်ပြည့်ဖြိုးတို့က  မက်သာတုန်းဆေးရည် အစားထိုးတိုက်ကျွေးရေးဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဦးဆောင် ရှင်းလင်း‌ ပြောကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဝင်းဦး၊ မြို့နယ်ပြည်သူကျန်းမာရေးမှူး ဒေါက်တာကျော်နိုင်၊ မိချောင်းအင်းကျေးရွာတိုက်နယ်ဆေးရုံမှ ဒေါက်တာထက်ရန်နိုင်ဆွေ နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကျေးရွာတာဝန်ခံများနှင့် ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)