တွန်းဇံမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအားကာကွယ်ဆေး ထိုးနှံပေးနိုင်မည့် ​​​​​​​စာရင်း ကောက်ယူလျက်ရှိ

တွန်းဇံ အောက်တိုဘာ ၁၅

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ရှိသူကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မည့် စာရင်းကို မြို့နယ်ပညာရေးမှူးရုံး၌ အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို တွန်းဇံမြို့နှင့် ကျီခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်သူစုစုပေါင်း (၁၁၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။