လပွတ္တာ သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ COVID - 19 Economic Relief Plan (CERP) အရ ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအား ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေ ဆောင်ရွက်မည့် ကျေးရွာ (၃) ရွာတို့အား ရန်ပုံငွေကျပ် သိန်း (၈၀၀) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို လပွတ္တာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှ ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ် ဦးစီးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ ကျေးလက်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့နောက် ကျေးရွာရန်ပုံငွေ စီမံကိန်း Type - 1 အနေဖြင့် ဆောင်ရွက်မည့် ကျီးချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျီးချောင်း ကျေးရွာနှင့် ရေဆိုင်အုပ်စုကျေးရွာအတွင်းရှိ ရှော်တောင်ကျေးရွာတို့အားကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်း (၃၀၀) ၊ Type - 2 အနေဖြင့် ဆောင်ရွက်မည့် ညောင်လိန်ကျေးရွာ အုပ်စုအတွင်းရှိ အလယ်ကုန်းကျေးရွားအား ရန်ပုံငွေကျပ် သိန်း (၂၀၀) ၊ စုစုပေါင်း ငွေကျပ်သိန်း (၈၀၀) အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာကော်မတီများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)