ကောလင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ယခုနှစ်ကျောင်းဖွင့်ရာသီ၌ အခြေခံပညာကျောင်း (၂၉)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သင်ကြားမည်

ကောလင်း သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ယခုပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်း(၂၉) ကျောင်းအား တစ်ဆင့်တိုးမြှင့် ဖွင့်လှစ် သင်ကြားခွင့်ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

ကောလင်းမြို့နယ်အတွင်းရှိ အခြေခံကျောင်းများအနက် အဆင့်တိုး တိုးမြှင့်ဖွင့်လှစ်သင်ကြားခွင့် ရရှိသော ကျောင်းများမှာ တောင်မော်ကျေးရွာရှိ (အ.လ.က) ကျောင်းအား (အ.ထ.ကခွဲ)သို့ လည်းကောင်း၊  သစ်ဆိမ့်ကုန်း(၂)ကျေးရွာ၊ တောင်ဘို့လှကျေးရွာ၊ အောက်ကလုံးကျေးရွာ၊ ကိုင်းဝန်းကျေးရွာ၊ အင်ငူကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ တောင်ကြီးကျေးရွာ၊ လယ်ရင်းတဲကျေးရွာ၊ တကောင်းအိုင်ကျေးရွာ၊ ယင်းတိုက်ကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် ကညှို့အင်းကျေးရွာများရှိ အလက(ခွဲ)ကျောင်းများအား  အခြေခံပညာ အလယ်တန်း ကျောင်းများသို့ လည်းကောင်း၊ဂေါင်းဖြူကျေးရွာ၊ ပန်းမရဲကျေးရွာ ၊အင်းမကျေးရွာ၊ ဒိုးပင်ကျေးရွာ၊ပ ဒုမ္မာကျေးရွာ၊ ရွာသစ်(၁)ကျေးရွာနှင့် ဆင်ဂေါင်းကျေးရွာမျာရှိ မူလတန်းလွန်ကျောင်းများအား အခြေခံပညာ အလယ်တန်း ကျောင်း (ခွဲ)တို့လည်းကောင်း၊ သဲချောင်း ကျေးရွာ၊ အင်ပင်လှကျေးရွာ၊ အိုးမကျေးရွာ၊ ဥသျှစ်ပင်ကျေးရွာများရှိ မူလတန်းကျောင်းများအား မူလတန်းလွန်ကျောင်းများသို့လည်းကောင်း၊ ညောင်ကိုင်းကျေးရွာ၊ ဂွေးချိုကျေးရွာ၊ တောင်ပုတ်စုကျေးရွာများရှိ  အခြေခံပညာ မူလတန်း(ခွဲ)ကျောင်းများအား အခြေခံပညာမူလတန်းကျောင်းများသို့ လည်းကောင်း၊ စမ်းသီတာကျေးရွာတွင် အခြေခံပညာ မူလတန်း(ခွဲ)ကျောင်း အဖြစ်တိုးချဲ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။

 မြင့်ထွန်းမင်း(ကောလင်း)