လိပ်သိုမြို့၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အမျိုးသမီးများ စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်း သင်တန်းဖွင့်လှစ်

လိပ်သို သြဂုတ် ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အမျိုးသမီးများ စိတ်ဝင်စားမှုအခြေပြု ညှိနှိုင်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ သံတောင်သူ အမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဆရာမဒေါ်နော်မာမာချိုမှ အဖွင့်မေတ္တာဖြင့် ဆုတောင်းဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားများ မိတ်ဆက်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။

သင်တန်းတွင် မိမိပတ်ဝန်းကျင်၌ လက်ရှိဖြစ်ပွားနေသော လူမှုပြဿနာများနှင့်ပတ်သက်ပြီး ဖြေရှင်းရမည့် အခန်းကဏ္ဍတွင် အမျိုးသမီးများ စွမ်းရည်မြင့်တက်စေရန်အတွက် ရည်ရွယ်ပြီး အဖွဲ့ခွဲ ၄ ဖွဲ့ခွဲကာ သင်ထောက်ကူပစ္စည်းများနှင့်တစ်ကွ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သံတောင်ကြီးမြို့နယ် သံတောင်သူ အမျိုးသမီးများအဖွဲ့မှ ဒါရိုက်တာ ဒေါ်နော်မာမာအောင်နှင့်အတူ သံတောင်ကြီးမြို့နယ်ရှိ အမျိုးသမီးသင်တန်းသူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင်(ပြန်/ဆက်)