ကျွန်းစုမြို့တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်သူများအား ကာကွယ်ဆေး ထိုးနှံပေး

ကျွန်းစု အောက်တိုဘာ ၁၅

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ‌ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံမည်သူများအား ယနေ့  တာရပိုင်းကျေးရွာ၊ ကတန်ကျေးရွာနှင့် ကျွန်းစုမြို့နယ်အားကစားခန်းမ၌ ကာကွယ်ဆေး ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက  ပထမ အကြိမ် ကာကွယ်ဆေး ထိုးနှံထား‌သော အသက်(၅၅)နှင့် (၆၄)နှစ်အတွင်း အသက်အပိုင်းခြားရှိသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

 

ကျွန်းစုမြို့တွင် ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံထားသော အသက်(၅၅)နှင့် (၆၄)နှစ်အတွင်း အသက်အပိုင်းခြား ရှိသူ(၆၁၅)ဦးရှိပြီး ၎င်းတို့အား  ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ၌ ထိုးနှံပေးလျက် ရှိ ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)