ပလောက်မြို့၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ပလောက်   အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ် တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်း များဆီသို့ ကျောင်း နေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးကြပါစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ပလောက်မြို့ ရှိ အ-ထ-က-ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်းသိရသည်။

       

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မြို့နယ်အတွင်းရှိ မိဘ ပြည်သူများ သိရှိနိုင်စေရန် အသက် ၁၂ နှစ်နှင့် အထက် အလယ် တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်း ဘုတ်ကို စိုက်ထူခဲ့ကြောင်း သိရသည်။

 

နှင်းမြူလွင်  (ပလောက်)