ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပညာပေးဟောပြောခြင်းနှင့် ဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ဓနုဖြူ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စု၊ ကင်မွန်းချောင်း ကျေးရွာ၊ ကျေးရွာဓမ္မာရုံတွင် ယမန်နေ့က တိုင်းရင်းဆေးကုဌာနမှ ပညာပေးဟောပြောခြင်းနှင့် ဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းရင်းဆေးကုဌာနမှ `ဥတုအလိုက်နေထိုင်လိုက်မှ ကျန်းမာ သုခပြည့်စုံရ´ခေါင်းစဉ်ဖြင့် တက်ရောက်လာသူများအား ပညာပေးဟောပြောခဲ့ပြီး ဆေးကုသ ပေးရာတွင် ဒူး၊ ခါး၊ ဇက်၊ အဆစ်နာ၊ လေထိုးလေအောင့်၊ အစာမကြေ၊ မျက်စိဝေ၊ ရင်ကြပ်၊ ကျီးပေါင်း၊ ဆီချိုရောဂါများ အများဆုံးကုသပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဟောပြောခြင်းနှင့် ဆေးကုသပေးခြင်းအား နံနက်(၁၁)နာရီမှ နေ့လည်(၂) နာရီအချိန်ထိ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ သိရသည်။

မြို့နယ်