ကြံခင်းမြို့တွင် အသက်(၅၅)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် စတင်ထိုးနှံပေး

ကြံခင်း     အောက်တိုဘာ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကြံခင်းမြို့ မုတ်ထုပ်ကျောင်းတိုက်ဓမ္မာရုံစုရပ်တွင် ထိုးနှံပေးကြောင်းသိရသည်။

ကြံခင်းမြို့ပေါ် ရပ်ကွက်(၃)ခုရှိ အသက်(၅၅)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် စတင်ထိုးနှံပေးရာတွင် အသက်၅၅နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူစုစုပေါင်း (၈၈)ဦးအား ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်အဆင့် ဌာနဆိုင်ရာကြီးကြပ်တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံစုရပ်တွင် စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ကျမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကာကွယ်ဆေးမထိုးမီက ဖန်းမားရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက်ကြည့်ရှုစောင့်ကြပ် ဆောင်ရွက် ပေးကြကြောင်းသိရသည်။

ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စုရှိ အသက်(၅၅)နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကာကွယ်ဆေးထိုး စုရပ်(၆)ခုရှိတွင်မြို့နယ် ဌာနဆိုင်ရာ စိစစ်ကြီးကြပ်အဖွဲ့(၃)ဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး စုရပ်အလိုက် သတ်မှတ်ရက်များတွင် ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)