အောင်လံ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ (၁-၇-၂၀၂၁ မှ ၃၁-၇-၂၀၂၁)ရက်နေ့အ ထိ သက်ဆိုင်ရာ Quarantine Centre များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ (၉၄၅)ဦးတို့အား ကျွေးမွေးစရိတ်များပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင် က အဖွင့်အမှာစကားပြောကြားပြီး Quarantine Centre များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ (၉၄၅)ဦးတို့အား (၁)ရက်လျှင် (၄၅၀၀/-)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပတ်စာအတွက် ကျွေးမွေးစရိတ် (၃၁၅၀၀/-)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း